Breast Cancer


ရွှေမန်းမြို့က အမျိုးသမီးလေးတို့ရေ...



ကိုယ့်ရဲ့ မိသားစုမျိုးရိုးထဲက ကိုယ့်ရဲ့ အမေ၊ အဒေါ်မှာ ရင်သားကင်ဆာရှိနေတယ်ဆိုရင် အမျိုးသမီးတို့အနေနဲ့လည်း ဂရုပြုဖို့လိုမယ်နော်။ ဘာလို့လဲဆိုတာ Shwe တို့ရှင်းပြမယ်။
.
Gene တွေထဲက BRCA 1 & 2 လို့ခေါ်တဲ့ မျိုးရိုးဗီဇမှာ Mutation (မျိုးရိုးဗီဇပြောင်းလဲမှု) တွေရှိနေတယ်ဆိုရင် ရင်သားကင်ဆာဖြစ်လာနိုင်ခြေများပါတယ်နော်။
.
မျိုးရိုးဗီဇပြောင်းလဲမှုတွေရှိနေတဲ့သူတွေထဲက ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းထိက အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာ ရင်သားကင်ဆာတွေဖြစ်လာကြပါတယ်။
.
ကမ္ဘာကျော်မင်းသမီးကြီးဖြစ်တဲ့ အန်ဂျလီနာဂျိုလီဆိုရင်လည်း သူ့အမေမှာ ရင်သားကင်ဆာရှိနေတဲ့အတွက် သူ့ဆီမှာလည်း ရှိနေနိုင်သလားဆိုပြီး BRCA Test ကိုစစ်လိုက်တယ်။ စစ်လိုက်တဲ့အခါ သူ့မှာလည်း positive ဖြစ်နေတဲ့အတွက် ရင်သားနှစ်ဖက်လုံးကိုဖြတ်လိုက်ပါတယ်။
.
ဒါကြောင့်မလို့ အမျိုးသမီးလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့မျိုးရိုးမှာ ရင်သားကင်ဆာမှမဟုတ်ဘူး၊ ကင်ဆာရောဂါ တမျိုးမျိုးရှိနေတယ်ဆိုရင် BRCA Test ကို စစ်ဆေးထားသင့်ပါတယ်နော်။

We Care, You Can Trust
Shwe International Healthcare Center
No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay
☎️ 09 440 450 451, 09 977 866 860