Premarital Check Up

Prewedding ထက်အရေးကြီးတာ Premarital Check Up လို့ခေါ်တဲ့ အိမ်ထောင်မပြုမီ ကျန်းမာရေးစစ်ဆေးတာပါပဲနော်။ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ရတဲ့ အိမ်ထောင်ရေးတစ်ခုမှာ နှစ်ယောက်လုံးကျန်းမာနေမှ ပျော်ရွှင်ရမယ်မဟုတ်လားနော်။ . လိုအပ်တဲ့ စစ်ဆေးမှုလေးတွေ လုပ်ပြီးမှ Prewedding ရိုက်လည်း နောက်မကျပါဘူးနော်။ . Shwe International Healthcare Center ရဲ့ Premarital Check Up ထဲမှာ ✔️ Teleconsultation with physician (သမားတော်နှင့်တိုင်ပင်ဆွေးနွေးခြင်း) ✔️ Blood Pressure (သွေးဖိအားတိုင်းတာပေးခြင်း) ✔️ Pulse Rate (သွေးခုန်နှုန်းတိုင်းတာပေးခြင်း) ✔️ Body Weight (ကိုယ်အလေးချိန်တိုင်းပေးခြင်း) ✔️ Blood Glucose (Fasting) (သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း) ✔️ HbA1c (၃ လ အတွင်းရှိသော သွေးတွင်းသကြားဓာတ်ပျမ်းမျှပမာဏ စစ်ဆေးခြင်း) ✔️ Thyroid function (TSH) (လည်ပင်းကြီးရောဂါစစ်ဆေးခြင်း) ✔️ Complete Blood Picture (သွေးဆဲများပုံမှန်ရှိမရှိစစ်ဆေးခြင်း) ✔️ Urinalysis (ဆီးစစ်ဆေးခြင်း) ✔️ Blood grouping (ABO & Rh) (သွေးအုပ်စုစစ်ဆေးခြင်း) ✔️ HBsAg (အသည်းရောင်အသားဝါ ဘီ ပိုး ရှိမရှိ စစ်ဆေးခြင်း) ✔️ HCV Antibody (အသည်းရောင်အသားဝါ စီ ပိုး ရှိမရှိ စစ်ဆေးခြင်း) ✔️ HIV Antibody (ခုခံအားကျရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း) ✔️ Syphillis Ab (ကာလသားရောဂါရှိမရှိစစ်ဆေးခြင်း) ✔️ Chest Xray (PA) (ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း) ✔️ Ultrasound (Abdomen) (ဝမ်းဗိုက်တီဗွီဓာတ်မှန်ရိုက်ခြင်း) စတဲ့ စစ်ဆေးမှုတွေအားလုံးပါဝင်တဲ့ Package ကို တစ်ဦးချင်းဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ စစ်ဆေးနိုင်ပါပြီ။ . စုံတွဲတွေအတွက်လည်း အထူးသက်သာတဲ့ဈေးနှုန်းနဲ့ စစ်ဆေးနိုင်မှာနော်။ . အသေးစိတ်ဆက်သွယ်မေးမြန်းလိုတယ်ဆိုရင် Shwe တို့ရဲ့ Page Messenger မှာ မေးမြန်းနိုင်သလို ဖုန်းဆက်ပြီးလည်းတိုင်ပင်မေးမြန်းနိုင်ပါတယ်ရှင်။ . We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More






သွေးတိုးရောဂါ

“အား... သွေးတွေတိုးလိုက်တာ” 😞 သွေးတိုးတယ်ဆိုတဲ့ စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါနော်။ သွေးတိုးရောဂါရှိတဲ့လူတစ်ယောက်က ပုံမှန်သွေးတိုးလေ့ တိုးထရှိပေမဲ့ သတိလက်လွတ်ဖြစ်သွားတဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ 🧐 . ကုသပျောက်ကင်းတဲ့ရောဂါမျိုးမဟုတ်တဲ့အပြင် ပုံမှန် သွေးတိုးကျဆေးကိုပဲ အားကိုးနေလို့လည်း အဆင်မပြေပါဘူး။ ဒါကြောင့် Shwe တို့အနေနဲ့ သွေးတိုးဝေဒနာကို သက်သာစေနိုင်မယ့် လွယ်ကူတဲ့ နည်းလမ်းလေး (၁၀) ချက်ကို မျှဝေပေးလိုက်တယ်နော်။ . (၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို စားသုံးပါ။ (၂) အငံ (ဆား) လျှော့စားပါ။ (၃) ကိုယ့်အရပ်နဲ့ အသက်ပေါ်မူတည်ပြီး ရှိသင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ (၄) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းကို ပုံမှန်လေးအချိန်ပေးပါ။ (၅) အရက်လျှော့သောက်ပါ၊ ဖြစ်နိုင်ရင် ရှောင်ပါ။ (၆) ဆေးလိပ်လျှော့သောက်ပါ၊ ဖြစ်နိုင်ရင် ရှောင်ပါ။ (၇) စိတ်ဖိစီးမခံပါနဲ့၊ ဖြစ်နိုင်ရင် စိတ်ရှုပ်စရာတွေ ရှောင်ပါ။ (၈) သွေးပေါင်ချိန်ကို အိမ်မှာတိုင်းပါ။ (အလွယ်တကူတိုင်းလို့ရတဲ့ သွေးပေါင်ချိန်စက်လေးတွေကိုဆိုင်တွေမှာ သက်သက်သာသာနဲ့ ဝယ်လို့ရနေပါပြီ) (၉) အားတဲ့အချိန်လေးတွေမှာ ဖြေးဖြေးမှန်မှန် အသက်ဝဝရှူပြီး ကောင်းကောင်းအနားယူပေးပါ။ (၁၀) ကိုယ်ဝန်ဆောင်မေမေတို့လည်း အပေါ်မှာပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ သွေးပေါင်ချိန်ကို အတတ်နိုင်ဆုံးထိန်းပါ။ . ဘာမှခက်ခဲတာ မပါဘူးမလား။ သွေးတိုးဝေဒနာမှ သက်သာကြပါစေနော်။ အသုံးဝင်တယ်ဆိုရင် တခြားသူတွေအတွက်လည်း မျှဝေပေးလိုက်ပါဦး။ . We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More






ကိုယ်ဝန်ဆောင်မေမေများဒီအသီးလေးတွေမစားနဲ့နော်

ကိုယ်ဝန်ဆောင်မေမေများ ဒီအသီးလေးတွေမစားနဲ့နော် အပိုင်း(၁) ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ရှောင်ရမယ့်အသီးလေးတွေနဲ့ ဘာဖြစ်လို့ ရှောင်သင့်တယ်ဆိုတဲ့အကြောင်းလေးနဲ့ ပတ်သက်ပြီး Shwe ကနေမျှဝေပေးမယ်နော်။ 🍍 နာနတ်သီး နာနတ်သီးမှာ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ သူက သားအိမ်ခေါင်းကို ပျော့သွားစေနိုင်ပြီး သားအိမ်ကိုညှစ်အားကောင်းစေတဲ့အတွက် အခန့်မသင့်ရင် ကလေးပျက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေများ လုံးဝ မစားသင့်ပါဘူးနော်။ . မန်ကျည်းသီး ဗိုက်တာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ပဲ မန်းကျည်းသီးဟာ အလွန်အကျွံ မစားသင့်တဲ့ အသီးစာရင်းထဲပါနေတာဖြစ်ပါတယ်။ မန်ကျည်းသီးမှာ အဓိကပါဝင်နေတဲ့ ဗိုက်တာမင်စီဟာ ကိုယ်ဝန်ကြံ့ခိုင်မှုအတွက် လိုအပ်တဲ့ ပရိုဂျစ်စတီရုန်း (Progesterone) ဟော်မုန်းထွက်တာကို လျော့နည်းစေတဲ့အတွက် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ ကလေးမွေးခြင်း တို့ ဖြစ်တတ်ပါတယ်နော်။ 🍐 သင်္ဘောသီး ဗိုက်တာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝစွာ ပါဝင်လို့ ကျန်းမာရေးအတွက် သင့်တော်တဲ့အသီးဖြစ်ပါတယ်။ ဒါပေမဲ့ အစိမ်း ဒါမှမဟုတ် သေချာမမှည့်သေးတဲ့ သင်္ဘောသီးမှာ Latex အင်ဇိုင်းပါတဲ့အတွက် ကိုယ်အပူချိန်တက်ခြင်း၊ သွေးဆင်းခြင်းနဲ့ ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်နိုင်လို့ ကိုယ်ဝန်ဆောင်ကာလမှာတော့ ရှောင်ရှားရမယ့်အသီးဖြစ်ပါတယ်။ သင်္ဘောသီးအမှည့်မှာတော့ Latex အင်ဇိုင်း ပါဝင်မှုမရှိတော့တာမို့ စားလို့ရပါတယ်နော် မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်လို့ ဗဟုသုတတွေမျှဝေပေးမှာမလို့ ဒီ page လေး ကို like and share လုပ်ထားဖို့ မမေ့နဲ့နော်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More






Breast Cancer

ရွှေမန်းမြို့က အမျိုးသမီးလေးတို့ရေ... ကိုယ့်ရဲ့ မိသားစုမျိုးရိုးထဲက ကိုယ့်ရဲ့ အမေ၊ အဒေါ်မှာ ရင်သားကင်ဆာရှိနေတယ်ဆိုရင် အမျိုးသမီးတို့အနေနဲ့လည်း ဂရုပြုဖို့လိုမယ်နော်။ ဘာလို့လဲဆိုတာ Shwe တို့ရှင်းပြမယ်။ . Gene တွေထဲက BRCA 1 & 2 လို့ခေါ်တဲ့ မျိုးရိုးဗီဇမှာ Mutation (မျိုးရိုးဗီဇပြောင်းလဲမှု) တွေရှိနေတယ်ဆိုရင် ရင်သားကင်ဆာဖြစ်လာနိုင်ခြေများပါတယ်နော်။ . မျိုးရိုးဗီဇပြောင်းလဲမှုတွေရှိနေတဲ့သူတွေထဲက ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းထိက အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာ ရင်သားကင်ဆာတွေဖြစ်လာကြပါတယ်။ . ကမ္ဘာကျော်မင်းသမီးကြီးဖြစ်တဲ့ အန်ဂျလီနာဂျိုလီဆိုရင်လည်း သူ့အမေမှာ ရင်သားကင်ဆာရှိနေတဲ့အတွက် သူ့ဆီမှာလည်း ရှိနေနိုင်သလားဆိုပြီး BRCA Test ကိုစစ်လိုက်တယ်။ စစ်လိုက်တဲ့အခါ သူ့မှာလည်း positive ဖြစ်နေတဲ့အတွက် ရင်သားနှစ်ဖက်လုံးကိုဖြတ်လိုက်ပါတယ်။ . ဒါကြောင့်မလို့ အမျိုးသမီးလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့မျိုးရိုးမှာ ရင်သားကင်ဆာမှမဟုတ်ဘူး၊ ကင်ဆာရောဂါ တမျိုးမျိုးရှိနေတယ်ဆိုရင် BRCA Test ကို စစ်ဆေးထားသင့်ပါတယ်နော်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️ 09 440 450 451, 09 977 866 860

Read More






Nosocomephodia

အသက်အရွယ် ဘယ်လောက်ဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်း အရမ်းကြောက်တဲ့သူတွေရှိပါတယ်။ အဲ့တာကို Nosocomephobia လို့ခေါ်ပါတယ်ရှင်။ . ပုံမှန် ဆေးရုံ၊ ဆေးခန်းသွားရတော့မယ်ဆိုရင် လူတိုင်းနီးပါးကတော့ စိုးရိမ်တတ်ကြတာပါပဲ။ ဒါပေမဲ့ သူတို့တွေကတော့ ဆေးရုံ၊ ဆေးခန်းထဲ ကိုတောင် မဝင်ရဲတာပါ။ . ဒါဟာ သူတို့အနေနဲ့ အဖြစ်သည်းပြတာမဟုတ်ဘဲ တကယ်ကို အဲ့အကြောက်တရားက သူတို့အပေါ် လွှမ်းမိုးနေတာပါ။ ဒါကို နားလည်ပေးဖို့လိုအပ်ပါတယ်ရှင်။ . Shwe တို့အနေနဲ့ သွေးစစ်၊ ဆေးစစ် ဝန်ဆောင်မှုအားလုံးနီးပါးကို အိမ်မှာတင်စစ်ဆေးလို့ရအောင် စီစဉ်ပေးထားလို့ Nosocomephobia ရှိသူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ . We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More






Cancer

“ကင်ဆာ” တဲ့ နှစ်လုံးတည်းနဲ့ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သေရတော့မှာလား? ကုလို့ပျောက်ပါ့မလား? ချစ်ရတဲ့သူတွေနဲ့ ဝေးရတော့မှာလား? ပိုက်ဆံတွေသောက်သောက်လဲကုန်တော့မှာလား? အဲ့လိုမျိုးအတွေးတွေ ခေါင်းထဲကို ဆက်တိုက်ဝင်လာတော့တာပါပဲရှင်။ . ကင်ဆာရဲ့ ရောဂါလက္ခဏာတွေပေါ်လာပြီးမှ စစ်ဆေးကုသမယ်ဆိုရင်တော့ ပျောက်ကင်းအောင်ကုသဖို့ နောက်ကျနေတာများပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်လာတာနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး စောလျင်စွာကုသထားဖို့ လိုပါတယ်။ . လက္ခဏာတွေမပြခင် ကင်ဆာကို ကြိုတင်စစ်ဆေးခြင်းရဲ့ အကျိုးရလဒ်တွေကတော့ (၁) သင့်ရဲ့ အခြေအနေကောင်းနေတယ် ဆိုတာသေချာစေမယ်။ (၂) အားနည်းနေတဲ့ကိုယ်တွင်းအခြေအနေကို ကြိုသိပြီး ကာကွယ်နိုင်မယ်။ (၃) ကင်ဆာလက္ခဏာတွေမပြခင် အစပျိုးကင်ဆာအခြေအနေကို စောစောစီးစီးရှာတွေ့တဲ့အတွက် အလွယ်တကူကုသနိုင်မယ်။ (၄) ကင်ဆာဆဲလ်တွေ မပြန့်ခင် ကြိုသိတဲ့အတွက် ကာကွယ်တားဆီးနိုင်မယ်။ (၅) စောစောသိရတဲ့အတွက် ကုသရလွယ်မယ်၊ အချိန်ကုန်၊ ငွေကုန်အရမ်းသက်သာစေမယ်။ (၆) ကင်ဆာဖြစ်နေတာကြိုသိရတဲ့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်တွေအများကြီးရရှိစေပါတယ်။ . We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More