Cancer


“ကင်ဆာ” တဲ့ နှစ်လုံးတည်းနဲ့ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သေရတော့မှာလား? ကုလို့ပျောက်ပါ့မလား? ချစ်ရတဲ့သူတွေနဲ့ ဝေးရတော့မှာလား? ပိုက်ဆံတွေသောက်သောက်လဲကုန်တော့မှာလား? အဲ့လိုမျိုးအတွေးတွေ ခေါင်းထဲကို ဆက်တိုက်ဝင်လာတော့တာပါပဲရှင်။



.
ကင်ဆာရဲ့ ရောဂါလက္ခဏာတွေပေါ်လာပြီးမှ စစ်ဆေးကုသမယ်ဆိုရင်တော့ ပျောက်ကင်းအောင်ကုသဖို့ နောက်ကျနေတာများပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်လာတာနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး စောလျင်စွာကုသထားဖို့ လိုပါတယ်။
.
လက္ခဏာတွေမပြခင် ကင်ဆာကို ကြိုတင်စစ်ဆေးခြင်းရဲ့ အကျိုးရလဒ်တွေကတော့
(၁) သင့်ရဲ့ အခြေအနေကောင်းနေတယ် ဆိုတာသေချာစေမယ်။
(၂) အားနည်းနေတဲ့ကိုယ်တွင်းအခြေအနေကို ကြိုသိပြီး ကာကွယ်နိုင်မယ်။
(၃) ကင်ဆာလက္ခဏာတွေမပြခင် အစပျိုးကင်ဆာအခြေအနေကို စောစောစီးစီးရှာတွေ့တဲ့အတွက် အလွယ်တကူကုသနိုင်မယ်။
(၄) ကင်ဆာဆဲလ်တွေ မပြန့်ခင် ကြိုသိတဲ့အတွက် ကာကွယ်တားဆီးနိုင်မယ်။
(၅) စောစောသိရတဲ့အတွက် ကုသရလွယ်မယ်၊ အချိန်ကုန်၊ ငွေကုန်အရမ်းသက်သာစေမယ်။
(၆) ကင်ဆာဖြစ်နေတာကြိုသိရတဲ့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်တွေအများကြီးရရှိစေပါတယ်။
.
We Care, You Can Trust
Shwe International Healthcare Center
No.57, 32nd street, between 71st & 72nd streets,
Chanayetharsan township, Mandalay
09 440 450 451, 09 977 866 860