Chest X-ray


ရင်ဘတ်ဓာတ်မှန်ရိုက်တာဟာ (imaging test) ပုံရိပ်ဖော်နည်းပညာနဲ့ စစ်ဆေးစမ်းသပ်ခြင်း တွေထဲမှာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး စစ်ဆေးခြင်း တစ်မျိုးဖြစ်ပါတယ်။




ရင်ဘတ်ဓာတ်မှန်ရိုက်ရင်
✅ အဆုတ်မှာ အလုံးအကျိတ်တွေ ရှိသလား ၊ အဆုတ်ယောင်နေတာ အဆုတ်ခဲနေတာ ရှိသလား၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်တွေ ပျက်စီးနေပြီလား။
✅ နှလုံးကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်ခြင်းတွေ ရှိလား
✅ နှလုံးအရွယ်အစား ပုံမှန်ရှိရဲ့လား
✅ အဆုတ်နဲ့ နှလုံးကို သွယ်ဆက်ထားတဲ့ သွေးကြောတွေ ဖောင်းနေတာ ကျယ်နေတာတွေ ရှိနေလား စတာတွေကို သိနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေ ရိုက်သင့်လဲ
✅ ဆေးလိပ်သောက်တတ်တဲ့လူတွေ
✅ အမြဲတမ်းချက်ပြုတ်ပြင်ဆင်နေရတဲ့ စားဖိုမှူးတွေ၊ အိမ်ရှင်မတွေ
✅ ကင်ဆာမျိုးရိုးရှိတဲ့သူတွေ
✅ အသက် ၅၀ နှင့်အထက်သက်ကြီးရွယ်အိုတွေ အနေနဲ့ အနည်းဆုံး ၁ နှစ် ၁ ကြိမ်လောက်တော့ ရင်ဘတ်ဓာတ်မှန် ရိုက်သင့်ပါတယ်ရှင်။

We Care, You Can Trust
Shwe International Healthcare Center
No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay
☎️09 440 450 451, 09 977 866 860