Why should Medical Check-up

ကိုယ်တိုင်နေမကောင်းဖြစ်နေ၊ ဖျားနေတဲ့အချိန်မှာ သူများအိမ်ကိုသွားရမှာ အရမ်းအားနာဖူးတယ်မလား? အားနာရတာပေါ့ 😔 သူများမိသားစုဆီကို ရောဂါကူးသွားမှာစိုးရိမ်တယ်လေ . ဒီလိုပဲ ကိုယ့်အိမ်ကိုရော နေမကောင်းဖြစ်နေတဲ့ဧည့်သည် လာမယ်ဆိုရင်ရော... 🥺 ဘယ်လာစေချင်ပါ့မလဲ... ကိုယ့်မိသားစုဝင်တွေ တစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်လေနော်... 🥺 . ကိုယ်ပူနေရင် ဖျားနေတယ်ဆိုတာသိနိုင်ပေမယ့် ရောဂါတိုင်းတော့ ကိုယ့်ဘာသာမသိနိုင်ပါဘူး။ တခြားသူလည်း မသိပါဘူး။ ✔️ ဆေးစစ်ခြင်းဖြင့်သာ သိနိုင်ပါတယ်။ . ဒါကြောင့် ဆေးစစ်ခြင်းဟာ မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ဂရုစိုက်ခြင်း ရွှေမင်္ဂလာတစ်ပါးပါ။ . We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay 09 440 450 451, 09 977 866 860

Read More






Chest X-ray

ရင်ဘတ်ဓာတ်မှန်ရိုက်တာဟာ (imaging test) ပုံရိပ်ဖော်နည်းပညာနဲ့ စစ်ဆေးစမ်းသပ်ခြင်း တွေထဲမှာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး စစ်ဆေးခြင်း တစ်မျိုးဖြစ်ပါတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ရင် ✅ အဆုတ်မှာ အလုံးအကျိတ်တွေ ရှိသလား ၊ အဆုတ်ယောင်နေတာ အဆုတ်ခဲနေတာ ရှိသလား၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်တွေ ပျက်စီးနေပြီလား။ ✅ နှလုံးကြောင့်ဖြစ်တဲ့ အဆုတ်ထိခိုက်ခြင်းတွေ ရှိလား ✅ နှလုံးအရွယ်အစား ပုံမှန်ရှိရဲ့လား ✅ အဆုတ်နဲ့ နှလုံးကို သွယ်ဆက်ထားတဲ့ သွေးကြောတွေ ဖောင်းနေတာ ကျယ်နေတာတွေ ရှိနေလား စတာတွေကို သိနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုလူတွေ ရိုက်သင့်လဲ ✅ ဆေးလိပ်သောက်တတ်တဲ့လူတွေ ✅ အမြဲတမ်းချက်ပြုတ်ပြင်ဆင်နေရတဲ့ စားဖိုမှူးတွေ၊ အိမ်ရှင်မတွေ ✅ ကင်ဆာမျိုးရိုးရှိတဲ့သူတွေ ✅ အသက် ၅၀ နှင့်အထက်သက်ကြီးရွယ်အိုတွေ အနေနဲ့ အနည်းဆုံး ၁ နှစ် ၁ ကြိမ်လောက်တော့ ရင်ဘတ်ဓာတ်မှန် ရိုက်သင့်ပါတယ်ရှင်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Healthy Lifestyle

ဒီစာလေးဖတ်မိတဲ့အချိန်ကစလို့ နေ့ရက်တိုင်းကို Healthy Lifestyle အဖြစ် ဖန်တီးကြည့်ရအောင်.... 💁🏼‍♀️ ကျန်ခဲ့တဲ့ အချိန်တွေဆီက စိတ်အဆင်မပြေမှုတွေနဲ့နာမကျန်းမှုတွေကို ချန်ထားရစ်ပြီး အခုကစလို့ စိတ်ရောကိုယ်ရော ကျန်းမာအောင် ကြိုးစားကြည့်ရအောင်။ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပေါ့ပါးကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ ပုံထဲက Tips လေးတွေအတိုင်း မမေ့မလျော့ဘဲ အတူတူ လိုက်လုပ်ပြီး ကျန်းမာပေါ့ပါးပြီး အကောင်းမြင်စိတ်လွှမ်းမိုးတဲ့ လူနေမှုဘဝကို နှစ်သစ်မှာ ဖန်တီးကြပါစို့.... We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Omicron

ကိုဗစ်တစ်ကျော့ပြန် Omicron မျိုးစိတ်နဲ့ပတ်သက်၍ ကိုဗစ်မျိုးကွဲ Delta Variant ပျံ့နှံ့မှုတွေအပြီး အချိန်တစ်ခုအကြာမှာ အာဖရိကတိုက်ရှိ ဘော့ဆွာနာနိုင်ငံကနေ အစပြုလို့ Omicron အမည်ရ မျိုးကွဲတစ်ခု ထပ်မံ ပေါ်ပေါက်လာပါတယ်။ ဒီမျိုးကွဲအသစ်ဟာ ကူးစက်နှုန်း အလွန်မြန်ဆန်တဲ့အတွက် တစ်ကမ္ဘာလုံးက သတိထားစောင့်ကြည့်နေကြပါတယ်... 👀 တောင်အာဖရိကနေ စတင်တဲ့ ဒီ Omicron မျိုးကွဲကို ယနေ့အချိန်ထိ နိုင်ငံပေါင်း (၃၀) ကျော်မှာ တွေ့ရှိနေရပြီဖြစ်ပါတယ်။ ရှေ့ယခင် Delta , Alpha , Beta နဲ့ Gamma မျိုးဗီဇတွေကို ပေါင်းစပ်ထားတဲ့ မျိုးကွဲဖြစ်ပြီး ပုံမှန်တွေ့ရှိတဲ့ မျိုးဗီဇပြောင်းလဲမငတွေနဲ့လည်း ကွဲပြားနေတယ်လို့ သိရပါတယ်။ အခုလက်ရှိ Omicron မျိုးကွဲဟာ - ✓ ရှိပြီးသား မျိုးကွဲတွေထက် ကူးစက်နှုန်းမြန်ခြင်း ✓ ကူးစက်ခံဖူးပြီးသားသူများပါ ထပ်မံကူးစက်နိုင်ချေရှိခြင်း ✓ ကိုဗစ်ကာကွယ်ဆေးများရဲ့ ထိရောက်မှုနှုန်း လျော့ကျခြင်း ✓ ယခင်မျိုးကွဲများတုန်းကလို ရောဂါလက္ခဏာမပြင်းထန်ခြင်း အစရှိတဲ့ ထူးခြားမှုတွေ ရှိပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးအပြည့်အဝထိုးထားရင်တော့ ဆေးရုံတက်ရနိုင်ချေနဲ့ သေဆုံးနိုင်ချေလျော့နည်းနိုင်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ မတွေ့ရှိရသေးပေမယ့် ရောဂါကို ကြိုတင်ကာကွယ်နိုင်ပြီး ပြန်ခုခံတိုက်ထုတ်နိုင်ဖို့ ၊ Mask တပ်ဖို့ ၊ လူစုလူဝေးရှောင်ဖို့နဲ့ ကာကွယ်ဆေးအပြည့်အဝထိုးထားဖို့ လိုအပ်ပြီး ✓ SARS-CoV2 Spike Protein Antibody Test ✓ SARS-CoV2 Neutralizing Antibody Test အစရှိတာတွေကိုလည်း စစ်ထားသင့်ပါတယ်နော်။ ပြီးပြည့်စုံပြီး တိကျတဲ့ Antibody Test တွေ စစ်လိုတယ်ဆိုရင်တော့ Shwe Healthcare ကိုသာ လာရောက်လိုက်ပါရှင့်။ အရေးကြီးတဲ့ Antibody Test တွေအပြင် Covid-19 Lab Test အမျိုးမျိုးကိုပါ စစ်ဆေးနိုင်လို့ Covid အရေးတွေးပူနေရတဲ့ လူကြီးမင်းများကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More