Blood Testing by home (Free delivery)

မန္တလေးမြို့တွင်းမှာ အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးချင်တယ်ဆိုရင် Shwe Healthcare Center ကိုသတိရလိုက်ပါ။ အိမ်အရောက်သွေးဖောက်စစ်ဆေးပေးခြင်းမှာတော့ Shwe က နံပါတ်တစ်ပါရှင်။ သွေးဖောက်စစ်ဆေးခြင်း ဝန်ဆောင်မှုမှာတော့ ✅ အိမ်တိုင်ရာရောက် သွေးဖောက်စစ်ဆေးပေးခြင်း ✅ ဆေးစစ်ချက်အဖြေများကို ပြန်လည်ပို့ဆောင်ပေးခြင်း ✅ ဝန်ဆောင်ခ အခမဲ့ ဖြစ်ခြင်း(မန္တလေးမြို့တွင်းသာ) အစရှိတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအကောင်းဆုံးနဲ့ အတိကျဆုံး ကျန်းမာရေးစစ်ဆေးမှုတွေအတွက် အမြဲအသင့်ရှိနေတဲ့ ရွှေမန္တလေးမြို့ရဲ့ Shwe Healthcare Center We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






သားအိမ်ခေါင်း cancer

🧡💙 သားအိမ်ခေါင်းကင်ဆာဆိုတာ အသက် ၃၀ ကျော် အမျိုးသမီးများတွင် အဖြစ်များပြီး ဖြစ်ပွားမှုအားလုံးရဲ့ ၉၉ % ဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော အန္တရာယ်များတဲ့ HPV (Human Papillomaviruses) နှင့် ဆက်စပ်နေပါတယ်ရှင်... 🧡💙 ကြိုတင်ကာကွယ်ခြင်းက ကုသမှုကထက် ပိုမိုထိရောက်တာကြောင့်အသက် ၂၅ နှစ် ပြည့်ပြီး အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး မဖြစ်မနေ ထိုးနှံထားသင့်ပါတယ်... 🧡💙 ကျွန်မတို့ရဲ့ Shwe Healthcare Center မှာ သားအိမ်ခေါင်းကာကွယ်ဆေးကို အိမ်တိုင်ရာရောက် ထိုးနှံပေးနေပြီ ဖြစ်ကြောင်းသတင်းကောင်းပါးပါရစေရှင် 💉🦠 သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာတွေက 🦠 ရာသီသွေးဆင်းရာတွင် ပုံမှန်ထက် ပိုကြာခြင်း 🦠 လိင်ဆက်ဆံစဉ် နာကျင်ခြင်း 🦠 လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း 🦠 တင်ပါးဆုံတွင်း နာကျင်ကိုက်ခဲခြင်း 🦠 ပြင်းထန်သော အနံ့များ ပုံမှန်မဟုတ်သော အရောင်များ ဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်း 🦠 သွေးဆုံးပြီးအသက်အရွယ်တွင် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော သွေးဆင်းခြင်း စတာတွေ ဖြစ်ပါတယ်... အထက်ပါ လက္ခဏာများအတိုင်း ပုံမမှန်သော အနေအထားများ ဖြစ်ပေါ်နေပါက ကျန်းမာရေး စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများဖြင့် ကုသထိန်းချုပ်‌ရေးနည်းလမ်းများ အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်... Brand : Gardasil - 140000 MMK 💉 သားအိမ်ခေါင်းကာကွယ်ဆေးက ဘယ်အရွယ်မှာ စထိုးလို့ရပြီလဲ 👧🏻👩🏻👩🏻‍🦳 အသက် ၉ နှစ်မှ စပြီး ၄၅ နှစ် အရွယ်ထိ အမျိုးသမီးများ ထိုးနှံထားသင့်ပါတယ် 📅💉 ဆေးထိုးရမယ့် Schedule တွေကတော့ 👧🏻👩🏻 ၉ နှစ်မှ ၁၄ နှစ် အရွယ်အတွင်း ၂ ကြိမ်ထိုးနှံရပါမယ် ✓ ပထမအကြိမ်နှင့် 6လအကြာမှာ ဒုတိယအကြိမ် ထိုးရပါတယ် 👩🏻👩🏻‍🦳 ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အတွင်း ၃ ကြိမ် ထိုးနှံရပါမယ် ✓ ပထမအကြိမ်နှင့် ၂လအကြာမှာ ဒုတိယအကြိမ် ✓ ပထမ အကြိမ်မှ ၆ လအကြာမှာ တတိယအကြိမ် ထိုးရပါတယ်.. We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Omicron (Antibody Test)

ကမ္ဘာလှည့်နေတဲ့ Omicron မျိုးကွဲဟာ မြန်မာပြည်ကို ရောက်ရှိလို့လာပါပြီ ကိုဗစ်တတိယလှိုင်းအလွန် လအတန်ကြာမှာ Omicron လို့ခေါ်တဲ့ မျိုးကွဲအသစ်တစ်ခု ထပ်မံပေါ်ထွက်လာပြီး အခုအခါ အဲ့ဒီမျိုးကွဲက မြန်မာပြည်ကို ရောက်ရှိလာခဲ့ပါပြီ။ Omicron ပြည်တွင်းကူးစက်မှု ၁၀၀ နီးပါးရှိလာပြီဖြစ်လို့ ယခင်ကလို ကူးစက်မှုများမဖြစ်ရအောင် သတိထားဖို့ လိုအပ်ပါတယ်။ ယခင်တွေကလို - ✅ Mask တပ်ခြင်း ✅ လက်ဆေးခြင်း ✅ Social Distancing ပြုလုပ်ခြင်းတွေသာမက ကာကွယ်ဆေး ထိုးနှံထားကြဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ရောဂါကို အထိုက်အလျောက် ခုခံနိုင်မှာပါ။ Omicron မျိုးကွဲဟာ ကာကွယ်ဆေးထိုးပြီးသူများပါ ပြန်လည်ကူးစက်နိုင်တယ်လို့လည်း သိရတဲ့အတွက် Booster Dose ထပ်မံထိုးနှံဖို့ပါ တစ်ပါတည်း အကြံပြုပါရစေ။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးလို့ ကိုယ်တွင်းခုခံအား (Antibody) ဘယ်လောက်ထွက်လဲ သိချင်တဲ့ မိတ်ဆွေတို့လည်း Shwe Healthcare Center မှာသာ လာရောက်စစ်ဆေးလိုက်ပါနော်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခန္ဓာကိုယ်တွင်း Antibody ထွက်ရှိနှုန်းကို စစ်ဆေးနိုင်မယ့် - ✅ SARS CoV2 Neutralizing Antibody Test နဲ့ ✅ SARS- CoV2 Spike Protein Antibody Test အစရှိတာတွေကို စစ်ဆေးနိုင်ပါတယ်ရှင်။ အားလုံး ကပ်ဘေးရန်မှ ကျော်လွှားနိုင်ပြီး ဘေးရန်ရှင်းကြပါစေကြောင်း Shwe Healthcare Center မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Cardio Check Up

Workout လုပ်သူတိုင်း မဖြစ်မနေစစ်ဆေးသင့်တဲ့ Shwe ရဲ့ Cardio Check Up Gym ချစ်သူလေးတို့ Workout လုပ်တဲ့အခါ 🏋🏻‍♂️ Weight Loss သို့မဟုတ် Weight Gain အတွက်ဖြစ်ဖြစ် 🏋🏻‍♂️ ခန္ဓာကိုယ်ကျစ်လစ်အောင် ဖြစ်ဖြစ် 🏋🏻‍♂️ ကြံ့ခိုင်ပြီး ဖျတ်လတ်အောင်ဖြစ်ဖြစ် ရည်ရွယ်ချက်ကိုယ်စီနဲ့ ကစားလေ့ရှိကြပါတယ်ရှင့်။ ဒါပေမယ့် Gym Lover တို့ မေ့နေတာက ကိုယ်လက်လှုပ်ရှားလုပ်နေချိန်မှာ ကိုယ်တွင်းမှာ တဖျတ်ဖျတ်လှုပ်ရှားပေးနေရတဲ့ နှလုံးရဲ့အနေအထားကိုပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အားနဲ့ ပြုလုပ်ရတဲ့ ကစားနည်းတွေပေါ်မူတည်လို့ နှလုံးက လိုက်လံအလုပ်လုပ်ရတဲ့အတွက် Cardio Check Up ကို Workout လုပ်တဲ့သူတွေအနေနဲ့ စစ်ဆေးထားသင့်ပါတယ်ရှင်။ ကိုယ်ခန္ဓာပြင်ပပိုင်း ကျန်းမာကြံ့ခိုင်ဖို့သာမက ခန္ဓာကိုယ်အတွက် အရေးပါဆုံးဖြစ်တဲ့ နှလုံးကျန်းမာရေးကိုပါ ပိုပြီး ဂရုစိုက်နိုင်စေဖို့ Gym Lover လေးတွေအတွက် Shwe Healthcare Center က စီစဉ်ပေးလိုက်ပါတယ်နော်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Special Package for Cancer Paients

သင့်အိမ်မှာ ကင်ဆာဆေး သွင်းနေရတဲ့သူတွေ ရှိပါသလား ? ✔️ ကင်ဆာဆေးတွေ မသွင်းခင်မှာ သွေးဖောက်စစ်ဖို့ ဆေးရုံဆေးခန်းမှာ အကြာကြီး စောင့်ရတဲ့ ဒုက္ခ ✔️ သွေးအဖြေအချိန်မီမရလို့ ဆေးသွင်းဖို့ ထိုင်စောင့်နေရတဲ့ ဒုက္ခ တွေ ကြုံနေရပါသလား ?? ဒါဆို အခုပဲ ရွှေကို ဆက်သွယ်လိုက်ပါနော်... ရွှေ Healthcare Center မှာ လူကြီးမင်းတို့အတွက် အဆင်ပြေစေမယ့် ✔️ မန္တလေးမြို့တွင်း အိမ်တိုင်ရာရောက် အခမဲ့ သွေးဖောက်ပေးတဲ့ ဝန်ဆောင်မှု ✔️ တိကျမှန်ကန်တဲ့ သွေးအဖြေတွေကို အချိန်နဲ့တပြေးညီ ထုတ်ပေးနိုင်တဲ့ မြန်ဆန်မှု ✔️ အမြဲတမ်းသွေးစစ်ဆေးနေရတဲ့ ကင်ဆာရောဂါ၀ေဒနာခံစားနေရသူတွေအတွက် အထူးဈေးနှုန်း စတဲ့ ကျန်းမာရေး၀န်ဆောင်မှုတွေကို ရရှိနိုင်လို့ ကင်ဆာကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနေရတဲ့ ၀ေဒနာရှင်များအတွက်ရော မိသားစုဝင်တွေအတွက်ပါ စိတ်အမောပြေစေမှာ အသေအချာပါပဲရှင်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More






Ultrasound (Home)

ဓာတ်မှန်နဲ့ Ultrasound ရိုက်ဖို့ အချိန်တစ်ခုပေးစရာမလိုတော့ပါဘူး 🤰🏻 ခေတ်ကြီးက New Normal ဖြစ်လာတဲ့အခါ လူမှုဘဝတွေကပါ New Normal ပုံစံအသစ်အနေနဲ့ ပြောင်းပစ်ရပါတယ်။ ဒီထဲမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း တစ်ထောင့်တစ်နေရာက ပါဝင်ပါတယ်။ ဆေးရုံ ဆေးခန်းသွားမှ ဓာတ်မှန် ၊ Ultrasound ရိုက်ရမယ့်အချိန်တွေကို မေ့ပစ်လိုက်ဖို့ သင့်ပါပြီ။ အိမ်ထဲမှာပဲ ဖြတ်သန်းရချိန် ပိုများလာတဲ့ အခုလို အချိန်ခါမှာ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ကျန်းမာရေးဝန်ဆောင်မှုတွေကို Shwe ကနေ အစဉ်အမြဲ ဆောင်ရွက်ပေးခဲ့ပါတယ်။ Shwe ရဲ့ စီစဉ်မှုတွေထဲကမှ အထင်ကရတစ်ခုကတော့ အိမ်အရောက် ✅ ဓာတ်မှန်ရိုက်ခြင်းနဲ့ ✅ Ultrasound ရိုက်ခြင်း တွေ ဖြစ်ပါတယ်။ အိမ်အပြင်သွားလာရခက်တဲ့ - ✅ နာတာရှည် ရောဂါဝေဒနာခံစားနေရသူတွေ ✅ လူကြီးမိဘတွေ ✅ ကိုယ်ဝန်ဆောင်မေမေတို့အတွက် Shwe Healthcare Center မှ အထူးစီစဉ်ပေးထားပါတယ်။ မန္တလေးမြို့နေ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် Shwe Healthcare Center မှ ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ပညာရှင်များက အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ဘယ်လို ရောဂါဝေဒနာ စမ်းသပ်စစ်ဆေးမှုအတွက်ကိုမဆို ရာနှုန်းပြည့် ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ Shwe ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါရှင့်။ We Care, You Can Trust Shwe International Healthcare Center No.57, 32nd street, between 71st & 72nd streets, Chanayetharsan township, Mandalay ☎️09 440 450 451, 09 977 866 860

Read More